တံတားဦးမြို့နယ်တွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

တံတားဦး  ဇန်နဝါရီ   ၁၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံအတွင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိပြီး သတ်မှတ်ရက် ထိုးနှံပြီး ပြည့်မြောက်သည့် ဒုတိယအကြိမ် ထိုးနှံရ မည့် ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ရှင် လူမှုရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်းရွက်ပေးကြပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်ကတျကာကွယ်ဆေး ထိုးပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်(တံတားဦး)