လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

လှိုင်သာယာ(အရှေ့ပိုင်း)  ဇန်နဝါရီ  ၁၃

ရန်ကုန်‌တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၇)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အမှတ်(၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက  ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်( ၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၇) ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အမှတ်(၇)ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၀၁၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းကို အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချမ်းသာထံမှ သိရသည်။

ခင်ဝင်းမူ