မဘိမ်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများ အတွက် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုရန် ပုံငွေ ကျပ် ၁၁၈.၅၉၄ သန်းဖြင့် ဓာတ်အားခွဲရုံဝင်းအတွင်း Control Room(၄ဝ ပေ၊ ၃ဝ ပေ) အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် 33 kv Incoming SwitchBay နှင့် Xmer တည်ဆောက်ခြင်း လုပ်ငန်းများကို Asia Pro Tech Co,Ltd မှလည်းကောင်း၊ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေ(BE)ဘတ်ဂျက်မှ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈.၃၁၅ သန်းဖြင့် 33/11 kv, 5 MVA ဓာတ်အားခွဲရုံနှင့် Switchear ပစ္စည်းများတပ်ဆင်ခြင်းလုပ်ငန်းများကို Mega ACE Co,Ltd မှလည်းကောင်း ဆောင်ရွက်လျက်ရှိရာ တည်ဆောက်ရေး လုပ်ငန်းများအား ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးရဲမောင်ထံမှ သိရသည်။
အဆိုပါ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက မဘိမ်းမြို့ပေါ်ရှိ ရပ်ကွက် ၄ ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိကျေးရွာများ ၂၄ နာရီလျှပ်စစ်မီး ရရှိလာမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း