မြေပုံ ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိနေအိမ်များ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း နှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသကြသည်။
ထိုသို့ အသိပညာပေးဟောပြောခြင်း ၊လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး(တာဝန်) ဦးကျော်သန်းစိုးက မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက မီးငြိမ်းသတ်ရန်နည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို ဟောပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက တက်ရောက်လာကြသူများအား အရေးပေါ်မီးငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံး ပြုနည်းများ၊ ဆီမီးလောင်မှုအား လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြသကြောင်းသိရသည်။
တင်ဝင်း(ပြန်/ဆက်)