ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ဒဿမ ၃၃ ရာခိုင်နှုန်းရှိပြီဖြစ်

ကျောက်မဲ ဇန်နဝါရီ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု ၅၀ ဒဿမ ၃၃ ရာခိုင်နှုန်းကျော်ပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝထိုးနှံခြင်းမပြုရသေးသည့် သူများနှင့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများကို ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၊ နောင်ပိန်တိုက်နယ်ဆေးရုံ၊ မိုင်းလုံမြို့၊ မိုင်းငေါ့မြို့ရှိ စုရပ်များတို့တွင် ‌ကာကွယ်ဆေးများ နေ့စဉ်ပုံမှန် ဆက်လက်ထိုးနှံပေးသည့်အပြင် မိုဘိုင်းဆေးထိုးအဖွဲ့များဖြင့်လည်း ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် ဇန်နဝါရီ ၁၂  ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၅၂၈၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း