မန္တလေး ဇန်နဝါရီ ၁၃
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၃၂)ကျောင်းတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး (Talk Show)ကို မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင် နှင့်ဆရာဇော်ဝါထွန်းတို့ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရေး၊ ကျောင်းသား ကျောင်းသူများအတွက် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် စာကြည့်တိုက်ကို စနစ်တကျ အသုံးချလာတတ်စေရေး၊ စာအုပ်စာစောင်များကို ကျောင်းသားများ အသက်အရွယ်အလိုက် ဖတ်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး အစရှိသည့် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)