ရေးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုး​နှံပေးလျက်ရှိ

​ရေး ဇန်နဝါရီ ၁၃

ကိုဗစ်-၁၉ ​ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်​ဆေးထိုးနှံခြင်းသည်အ​ရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်သည့်အပြင် အိုမီခရွန်​ရောဂါကြိုတင် ကာကွယ်​ရေးအတွက် ​ရေးမြို့နယ်အတွင်း အသက်(၁၈) နှစ်အထက် ကာကွယ်​ဆေးထိုးရန်ကျန်ရှိ​နေသူများအား ယ​မန်နေ့နံနက်ပိုင်းက ​​ရေးမြို့ သီရိနန္ဒာရပ်ကွက် တစ်ပ္ပလင်နှစ်ဆူ ဘုရားဓမ္မာရုံ၌ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​သည်။

အဆိုပါ ကိုဗစ်-​၁၉ ​ရောဂါကာကွယ်​ဆေးကို မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ​စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များမှ ကာကွယ်​ဆေး လာ​ရောက်ထိုးနှံသူများအား အပူချိန်တိုင်းတာ​ပေးခြင်း၊ ​သွေး​ပေါင်ချိန်နှင့် ​သွေးတွင်း​အောက်ဆီဂျင် စစ်​ဆေးခြင်းများကို ​ဆောင်ရွက်​ပေးလျက်ရှိသည်။ ကိုဗစ်- ၁၉ မျိုးဗီဇ​ပြောင်း အိုမီခရွန်​ရောဂါအား မိမိမြို့နယ်၊ ပတ်ဝန်းကျင်နှင့် မိသားစုအတွင်း အပြည့်အဝကာကွယ်မှုပြု နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်​ဆေးအား အပျက်မကွက် လာ​ရောက်ထိုးနှံ​ပေးကြရန် အသိပညာ ​ပေး နှိုး​ဆော်ခြင်းလုပ်ငန်းများကို ​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်