ဆီဆိုင် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အသက် ၁၈ နှစ် နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွွယ်ဆေးထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ဟိုခဲရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း ထိုးနှံပေးရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ဟိုခဲရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများကဆက်လက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်