ဂွ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အများပြည်သူ့ စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် စာကြည့်တိုက်သို့ စာအုပ်များလာရောက် ငှားရမ်းနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာများအား သုတ၊ ရသစာအုပ် များကို ယနေ့နေ့လယ်ပိုင်းက နယ်လှည့် စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ စာအုပ်၊စာစောင်များ ငှားရမ်းပေးရာတွင် ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာန၊ သမဦးစီးဌာန၊အမှတ်(၈၅)သစ်စက်တို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများကို သုတ၊ရသစာအုပ်များ ဌားရမ်းပေးခြင်း၊ စာငှားကတ်များ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး၊ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ရွှေရည်ဝင်းကျော်