ဟိုပုံး ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၁၁) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ဟိုပုံး)မှ ဝန်ထမ်းများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများတို့ ပူးပေါင်း၍ ပအိုဝ်းဘာသာဖြင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန် ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask)များကို စနစ်တကျ တပ်ဆင် ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပြီး ပြန်လည်ရောက်ရှိပါက စနစ်တကျလက်ကို ဆပ်ပြာဖြင့် စနစ်တ ကျဆေးကြရန်၊ သံသယရောဂါ လက္ခဏာရှိသူများ အနေဖြင့်နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို ပအိုဝ်းဘာသာစကားဖြင့် အသိပညာပေး ဆော်ဩခဲ့ကြကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)