တောင်ဥက္ကလာပ ဇန်နဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၁) ရပ်ကွက်တွင်းရှိ ဘိုးဘွားများထံ ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀ဝိ/- နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး တောင်ဥက္ကလာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက် အတွင်းရှိ (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၅၂)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၅၆၀၀၀ဝိ/-) ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း