မိုင်းတုံမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံဦးစီဌာရုံးရှိ Community Centre ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း‌နှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

မိုင်းတုံ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Centre ခန်းမတွင် ယနေ့‌မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်းနှင့် စာအုပ် စာစောင်ပြပွဲများ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင်မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်မှူး ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Women Club)အသင်းဝင် ဒေါ်ခင်မျိုးသန်းက ဦးဆောင်၍ စာရေးဆရာ အောင်သင်း၏ "စဉ်းစားခြင်း" စာအုပ်နှင့် ပတ်သက်၍ဆွေးနွေးခဲ့သည်။

ဆက်လက်၍ (Women Club)အသင်းဝင်‌ ဒေါ်ထူးထူး‌အောင်က ယခင်နှစ်တွေကလည်းစာဖတ်ဝိုင်းတွေ လုပ်ပါတယ် ကိုဗစ်-၁၉ ရောဂါကြောင့်ခဏ ရပ်သွားတာပါ အခု ရောဂါဖြစ်တာလဲပါးလာပြီဆိုတော့ စာဖတ်ဝိုင်းပြန်လုပ်ရလို့ သူ့အမြင်ကိုယ့်အမြင်တွေ ဖလှယ်ပြီး ဗဟုသုတရရှိစေခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားပြီးနောက် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် စာအုပ်စာစောင်များကိုခင်းကျင်းပြသ‌ပေးခဲ့ကြောင်းသိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)