အင်ဂျန်းယန် ဇန်နဝါရီ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ နယ်မြေဒေသ အခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက်အသင်းတော် (IDP Camp)တွင် နေထိုင် လျက်ရှိသော အင်ဂျန်းယန်မြို့နယမှ ပြည်သူများအား ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် အင်ဂျန်းယန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲရင့်လှိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးရခြင်း များအား ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အင်ဂျန်းယန်မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများ က (ပလန) စိန့်ဂျိုးဇက်အသင်းတော် (IDP Camp) တွင် နေထိုင်သည့် အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ ကျား (၂၀) ဦး၊ မ (၂၃)ဦး၊ စုစုပေါင်း (၄၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ လှဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုးနိုင်