ဝမ်းတွင်းမြို့နယ်တွင် ရုံးပေါင်းစုံ-၂ငွေစုငွေချေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရုံးပေါင်းစုံ-၂ငွေစုငွေချေးအသင်းစုလုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centreခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရုံးပေါင်းစုံ-၂ငွေစုငွေချေးအသင်းစု၏ ဥက္ကဋ္ဌ ဦးတင်လှိုင်မှအသင်းစုဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဦးစီးမှူး ဦးစိန်ဝင်းမှ သမဝါယမလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်နေမှု နှင့်ရုံးပေါင်စုံဆိုင်ရာ အသင်းစု၊ ငွေစုငွေချေးလုပ်ငန်းများ ဆောင်ရွက်နေမှုဆိုင်ရာများနှင့် ရုံးပေါင်းစုံ၂နှင့်ကော်မတီဖွဲ့စည်း၍ အသင်းစုငွေစုငွေချေးဆိုင်ရာများ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီးရုံးပေါင်းစုံ-၂ငွေစုငွေချေး အသင်းစုကော်မတီဝင်ဦးသိန်းမြင့်မှ အသင်းဝင်များ တိုးတက်မှု၊ စုငွေစာရင်း၊ အတိုး/အရင်း စာရင်းများနှင့်ပတ်သက်၍ သိလိုသည်များကိုဆွေးနွေးခဲ့ ကြောင်းသိရသည်။ မြို့နယ်သမဝါယမအသင်းစု၊ရုံးပေါင်းစုံ-၂ငွေစု/ငွေချေးသင်းစုအနေဖြင့် အသင်းသားဦးရေ(၅၅)ဦး၊ အသင်းစုဆောင်းငွေသိန်း(၁၂၀)ရှိရာ၊ အသင်းစုတိုးတက်အောင်မြင်ရေးအတွက် အသင်းသူ အသင်းသားများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါရုံးပေါင်းစုံ(၂)ငွေစုငွေချေးအသင်းစု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အသင်းစု ဥက္ကဋ္ဌ ဦးတင်လှိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူးဦးစိန်ဝင်းနှင့် ဝန်ထမ်းများ၊ ရုံးပေါင်းစုံ-၂ ငွေစု ငွေချေးအသင်းသူ/အသင်းသား ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အသင်းစုတိုးတက်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ဌေးလှိုင်(ဝမ်းတွင်း)