မဘိမ်းမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ မိသားစုနေ့စဉ်ဝင်ငွေရရှိ

မဘိမ်း ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကုန်းခါးရပ်ကွက်တွင် တောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ မိသားစုနေ့စဉ်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့နယ်အတွင်း စားဖိုဆောင်အတွက် ဆောင်းသီနှံများဖြစ်ကြသည့် ငရုတ်နှင့် ဟင်းသီး ဟင်းရွက်များ ဖြစ်ကြသည့် မုန်ညှင်း၊ ကိုက်လန်၊ ရုံးပတီ၊ ခရမ်းနှင့် ဂေါ်ဖီထုပ်စသည့် သီးနှံများ နှင့် ဘုရားပန်းအတွက် မေမြို့ပန်းများအား စိုက်ပျိုးရောင်းချပြီး နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း မေမြို့ ပန်းတစ်စည်းလျှင် ၁ဝဝဝ နှုန်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၅ဝဝ နှုန်း၊ ကိုက်လန်တစ်စည်း လျှင် ၇ဝဝ နှုန်း၊ မုန်ညှင်းတစ်စည်းလျှင် ၅ဝဝ နှုန်းနှင့် ရုံးပတီတစ်ပုံလျှင် ၂ဝဝ နှုန်း ရောင်းချရပြီး မိသားစု နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း ကုန်းခါးရပ်ကွက်နေ ဒေါ်သောင်းအေးထံမှ သိရသည်။

မဘိမ်းမြို့နယ်အတွင်းရှိ တောင်သူများသည် ဆောင်းသီးနှံများကို အများအပြား စိုက်ပျိုးကြ ကြောင်း၊ ၄င်းသီးနှံပင်များကို နိုဝင်ဘာလတွင် စိုက်ပျိုးမြေများပြင်ဆင်ပြီး စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ခူးဆွတ်ရောင်းချရပြီဖြစ်ကြောင်း၊ ဆောင်းသီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ စားသုံးကြသူများရှိသလို စီးပွားဖြစ်စိုက်ပျိုး‌ ရောင်းချသူများလည်းရှိကြောင်း သိရသည်။

မျိုးမင်း(ပြန်/ဆက်)