တာလေ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ လျော့နည်းရပ်တန့်စေရေး အသိပညာပေး နှိုးဆော်ခြင်းကို ကျေးရွာများအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် အများပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ ဆေးထိုးနှံကြရန် နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး မိမိကိုယ်တိုင်က ရောဂါပိုး ကူးစက်ခံထားရသည်ဟု သံသယဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများထံ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မိဘပြည်သူများက မိမိကိုယ်တိုင် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း မျိုးစေ့သစ် (Omicron) များ ကူးစက်ဝင်ရောက်လာခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ကျော်မိုး