တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ

တံတားဦး ဇန်နဝါရီ ၁၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပတယ် -

ကျွန်တော့်အမည်က ဦးထွန်းမြင့်ဖြစ်ပါတယ်၊ အသက်ကတော့ (၅၃)နှစ်ရှိပါပြီ၊ နေရပ်ကတော့ ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် ဘူတာရပ်မှာနေပါတယ် ၊ အလုပ်အကိုင်ကတော့ ယာဉ်မောင်းပါ။

ကျွန်တော် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးပါပြီ၊ ကာကွယ်ဆေးထိုးနှံတာ လက်မောင်းအောင့်တာပဲရှိပါတယ်၊ ခေါင်းကိုက်တာ၊ ဖျားတာ၊ အန်တာ၊ ညောင်းညာကိုက်ခဲတာတွေ လုံးဝမဖြစ် ပါဘူး၊ တကယ်လို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးထားဘူးဆိုရင် တစ်ခြားမြို့ရွာတွေကို သွားလာဖို့ အဆင်မပြေပါဘူး၊ ယခုလို ကာကွယ်ဆေး ထိုးနှံပြီးပြီဆိုရင် ရောဂါစက်မှာကိုလည်း မကြောက်ရပါဘူး၊ ဒါကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို  သက်ဆိုင်ရာ တာဝန်ရှိသူတွေက  သတ်မှတ်တဲ့နေ့ရက်အလိုက် ထိုးနှံပေးနေတာဖြစ်တဲ့အတွက် ကာကွယ်ဆေး မထိုးရသေးသူများ အနေဖြင့်  ကာကွယ်ဆေးကို လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံလို့ရအောင် စီစဉ်ဆောင်ရွက်ပေးကြသော လူကြီးမင်းများ အားလုံး ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရဲတင့်(တံတားဦး)