ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈) နှစ်အထက်ပြည်သူ (၁၄၉၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sionvac) ဒုတိယအကြိမ် ထိုးနှံပေး

ရွှေပြည်သာ ဇန်နဝါရီ ၁၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၆) ရပ်ကွက် မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ပထမအကြိမ် ထိုးနှံပြီးသူ (၁၄၉၀) ဦးအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ် - ၁၉ ရောဂါ စည်ကမ်းချက်များနှင့်အညီ ဆေးထိုး သူများ စနစ်တကျ ဆေးထိုးနိုင်ရန်နေရာများ စီစဉ်ဆောင်ရွက် ထားခြင်း၊ ဆေထိုးပြီးသူများ နားနေနိုင်ရန်နေရာများ ထားရှိခြင်းနှင့် ဆေးထိုးသူများအား အစဉ်ပြေချောမွေ့အောင် ဆေးထိုး နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီးရေးအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)