သုံးခွ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် စာပေမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင် များအား မျှဝေတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်က လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) ရေးသားသည့် "စိတ်နှလုံး အေးချမ်းပါစေ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင်တင်ထွေးမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး (Book club) အဖွဲ့ဝင် ဦးအောင်ကိုလတ်က "စိတ်နှလုံး အေးချမ်းပါစေ"၊ "မြတ်နိုးစွာ တန်ဖိုးထားပါ" (youth Club)အဖွဲ့ဝင် မောင်တင်ထွန်းမှ "အလုပ်ဟူသမျှဂုဏ်ရှိစွ"၊ "ကြွားချင်စိတ်နဲ့ အလုပ်မလုပ်ပါနဲ့"၊ (Women Club) အဖွဲ့ဝင် မစုမြတ်မွန်က" အပြန် အလှန်နားလည်ခြင်း" စသည့် စာအုပ်ပါအကြောင်း အရာများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူများမှ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်း ဖလှယ်ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။
စာဖတ်ဝိုင်း ဆောင်ရွက်ပြီးနောက် မြို့နယ်ရုံးမှ ပြသထားသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ဖို့ စောစော "ပြော"၊ စောစော "သိ"၊ အားလုံးအကျိုးရှိ နှင့် ကလေးအလုပ် သမားပပျောက်ရေး၊ စသည့်နံရံကပ်စာစောင်များကို တက်ရောက်လာ သော စာပေချစ်မြတ်နိုးသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်