မဘိမ်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အအုံသစ်တွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ပြည်သူများအား အဆင်ပြေ လွယ်ကူစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်အတွင်း ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ ၃၃ဝ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူ ၁၂၅၃၁ ဦးနှင့် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူ ၁၆၇၈၅ ဦး၊ စုစုပေါင်းပြည်သူ ၂၉၃၁၆ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)