မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

မိုင်းငေါ့ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မိုင်းငေါ့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖတ်ပရိတ်သတ်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး သုတ/ရသ စာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များ ကို ဖတ်ရှုနိုင်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကွင်းဆင်းသွားရောက် ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)