ထန်းတပင်မြို့နယ်၌ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေး

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။

ထို့နောက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင် ပေးခြင်း လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း စာရင်းမှတ်တမ်းကောက်ယူခြင်း ရေးသွင်းခြင်း ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထန်းတပင်မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမည့် အခြေခံပညာကျောင်းပေါင်း (၁၀၁)ကျောင်း၊ ကိုယ်ပိုင် ကျောင်း(၁) ကျောင်း၊ စုစုပေါင်း (၁၀၂)ကျောင်းမှ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၂၂၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ယနေ့ တွင် အသက်(၁၂) အထက် ကျောင်းသား၊ ကျောင်းသူ(၄၀၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)