တံတားဦး ဇန်နဝါရီ ၁၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သင်းရေးသားသော “ ပေးသူနှင့် ယူသူ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါအကြောင်းအရာများဖြစ်သည့် “ပေးသူနှင့်ယူသူ”၊ “လူငယ်နှင့်ခေါင်းဆောင်မှု” စသည့် အကြောင်းအရာများကို လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် စာရေးဆရာ ကိုရင်ထွန်းလွင် (သမန်းကန်)က “အကဲဖြတ်စရာ” ၊ “လူငယ်နှင့်သတ္တိ” နှင့် “သူတို့နှင့်ကျွန်တော်” စသည့်အကြောင်းအရာကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး)