မန်တုံ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် မန်တုံမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါ ကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာဘာသာများဖြင့် ယနေ့နံနက်ပိုင်း အချိန်က ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌ သာနေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင်မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှ လာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေအရေးကြီးကိစ္စရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များ တွင်စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်သူများနှင် တွေ့ဆုံပါက စကားပြောခြင်းမ ပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Maskများအား ထပ်မံအသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှင့်နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ်ခြင်းနှင့် ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးဘဲ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ လေ၀င်လေထွက် မကောင်းသော အခန်းများ၊ ပြတင်းတံခါးများ ဖွင့်ပြီး လေ၀င်လေထွက်ရရှိအောင် ဆောင်ရွက်ထားကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက် မကွက် အကြိမ်ပြည့် ခံယူရန် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တတ်စွမ်းသရွေ့ စနစ်တကျပူး ပေါင်းပါဝင်ဆောင်ရွက်ကြရန် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာပေါ်ပေါက် လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူပါရန် စသည့်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့သည်။
ထိုသို့ ကျန်းမာရေးအသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံနေရာများ၊ အိမ်ခြေထူထပ်သော နေရာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မန်တုံ ပြန်/ဆက်