ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ လူသုံးကုန်နှင့် အလှကုန်လက်လီလက်ကားစျေးကြီး တစ်ခုဖြစ်သည့် ယုဇနပလာဇာစျေးရှိ စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် (Sinovac) အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယုဇန ပလာဇာစျေးအတွင်းရှိ စျေးရောင်းချသူပြည်သူ (၄၈၃) ဦးအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခဲ့ ခြင်းဖြစ်သည်။ ကာကွယ်ဆေးများ မထိုးနှံမီ ကာကွယ်ဆေးထိုးနှံသင့်သည့် လူများနှင့် မထိုးနှံ သင့်သည့် လူများ၊ ကာကွယ်ဆေးထိုးနှံပြီး နောက်ဖြစ်ပွားလေ့ရှိသည့် လက္ခဏာများနှင့် လိုက်နာရမည့် အချက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအသင်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)