မိုင်းပျဉ်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် Online ဝန်ဆောင်မှုစနစ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-(၃) ဒေါ်ခင်သန္တာအောင်က ကူညီတတ်တဲ့ ကျော်အဲအယ်ပုံပြင်ကို သားငယ်၊ သမီးငယ်များအတွက် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြောပြခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး အနေဖြင့် ပြည်သူ့ဆီသို့ ရှေးရှုသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့်လည်း ပြည်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များကို ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခင်သန္တာအောင်