ရပ်စောက် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ထွေးက မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ၊ မသန်စွမ်းမူအမျိုးအစား(၄)မျိုး၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး၏ ရည်ရွယ်ချက်၊ မသန်စွမ်း သူများအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ မသန်စွမ်းသူများအား ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများနှင့် မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ပေးအပ်နိုင်ခဲ့မှု အခြေအနေများ စသည့်အကြောင်း အရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show အပြည့်အစုံကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Yatsauk Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြည်သူများအသိပညာဗဟုသူတရရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show များကို လစဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)