ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကျိုင်းတုံ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့က မြို့နယ်အတွင်းအရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးအသီးတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူ ဒေသခံပြည်သူများ ၁၁၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid Shield) ထိုးနှံပေးခြင်းကိုလည်ကောင်း၊  ဒုတိယ အကြိမ်ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူ ၃၀၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကိုလည်းကောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ၄၁၈ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းလည်းကောင်း စနစ်တထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ဇန်နဝါရီ ၁၀ ရက်နေထိ Covid Shield၊ Sinopharm၊ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ အသက် ၁၈ နှစ်အထက် ၆၃၀၄၇ ဦး၊ အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူ ၄၂၅၂ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)