ကျိုင်းတုံမြို့ အဝင်ဂိတ်များ၌ ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ အခဲမဲ့စစ်ဆေးပေး

ကျိုင်းတုံ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့အဝင်များဂိတ်၌ ခရီးသွားလာသူများအား ကိုဗစ်-၁၉  ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားလာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် လူဦးရေ ၄၀၇ ဦးအား အခမဲ့စစ်ဆေးပေးခဲ့ရာ ရောဂါပိုး ကူးစက်ခံရသူ ၄ ဦးကို စစ်ဆေးတွေ့ရှိခဲ၍ ရောဂါပိုးကူးစက်ခဲ့ရသူများအား တာဝန်ရှိသူများက အတည်ပြု လူနာကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးပေးခြင်းကို ကျိုင်းတုံမြို့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာစီးဌာန၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် Fever Clinic နေရာများတွင် လူဦးရေ ၇၄ ဦးအား စစ်ဆေးပေးရာ ရောဂါပိုးမတွေ့ရှိကြောင်းသိရပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)