မြောက်ဦး ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဉက္ကဋ္ဌ ဦးကောင်းမြတ်နိုင် တက်ရောက်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မှီပြီးနိုင်စေရေးအတွက် သက်ဆိုင်ရာခရိုင်အဆင့်ဌာန များမှ မိမိတို့၏ လုပ်ငန်းများအား ကြပ်မှတ်ဆောင်ရွက်ရန် မှာကြားခဲ့ သည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက မြို့နယ်အတွင်းရှိ လမ်းများ၊ လမ်းမကြီးများတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ကျောင်းတက် ချိန်နှင့်ကျောင်းဆင်းချိန်များတွင် ယာဉ်ပိတ်ဆို့မှု မဖြစ်ပေါ် စေရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဆရာဝန်ကြီးမှ အခြေခံ ကျောင်းတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ များကို ကိုဗစ်ကာကွယ်ဆေး အား ထိုးနှံ ပြီးစီးမှုအခြေအနေလည်းကောင်း၊ ခရိုင် မီးသတ်ဦးစီးမှူးမှ ပွင့်လန်းရာသို့ ရောက်ပြီဖြစ်ရာ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးမှ ပန်းခင်းစီမံချက် ဖြင့်ဆောင် ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ် ရေးကတ်များ ကို ကွင်းဆင်း စစ်ဆေးမှု အခြေအနေ အားလည်းကောင်း၊ ရှေးဟောင်းသုတေသနဌာနမှ မြောက်ဦးမြို့ အား ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ UNISCO ဝင်ရောက်နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသောခရိုင်အဆင့်ဌာနဆိုင်ရာ များမှမိမိဌာနနှင့့်သက်ဆိုင်သောအ ကြောင်းအရာများဆွေးနွေးခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌ က မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)