ပုဗ္ဗသီရိ ဇန်နဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းတို့က သဘာဝဘေးများထဲမှ အဖြစ်အများဆုံးနှင့် ဆုံးရှုံးမှု အများဆုံးဖြစ်သည့် မီးဘေးန္တရာယ် ဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ လူနေရပ်ကွက်နှင့် ဈေးများ တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှု မဖြစ်ပွားအောင် သတိပြုရမည့်အချက်များ၊ မီးလောင်နေစဉ် မိသားစုဝင်များ ပြုမူလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်နေစဉ်အတွင်း ရှောင်ရှားရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များအကြောင်း ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)