မင်းပြား ဇန်နဝါရီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)တွင် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ရှိ အဆိုပါသင်တန်း ကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒုတိယမြိုနယ်ရဲတပ်ဖွဲ့မှုရဲမှူးဝင်းဌေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အကြောင်းအရာများ အားရှင်းလင်း ပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းက စားသုံးသူများဘေးကင်း လုံခြုံစွာစားသုံးနိုင် စေရန်အသိပညာပေးဟောပြောခြင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ် တားဆီးရေး တို့ကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက အမျိုးသမီးများ အကြမ်းဖက်မှုတိုက်ဖျက်ရေး တို့တွေပူးပေါင်း ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်မီခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက မြန်မာအမျိုးသမီးတို့၏ တန်ဖိုးနှင့် အမျိုးသမီး များ၏ ဘဝလုံခြုံရေး ဆိုင်ရာများအား အသီးသီးရှင်းလင်းပြောကြားသည်။
အသိပညာပေးဟောပြောပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မီမီစံနှင့် သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသူများ တက်ရောက် ခဲ့ကြောင်းသိရသည်။
သိန်းနုအောင်