မာန်အောင် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက် အတွင်းလှည့်လည်ပြီး အသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။
ထို့သို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက် များအားလိုက်နာရန်၊ ပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်၊ အိမ်ပြင်ပသို့ထွက်ပါက ပါးစပ် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ရန်၊ တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး((၆)ပေကွာ၍ နေထိုင်ရန်၊ လက်ကို စက္ကန့်(၂၀) ကြာအောင် စနစ်တကျဆေးကြောရန်၊ ရောဂါကူးစက်ခံ ရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆက်သွယ်ပြီး ဆေးကုသခံယူ ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကွင်းဆက် ပြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေး လိုက်လံ နှိုးဆော် ခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)