အမ်း ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ဦးဆောင်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးအတွင်း ရောင်းချနေသော စားသောက်ကုန် အရောင်းဆိုင် များတွင် သတ်မှတ် ပမာဏထက် ကျော်လွန်ပါဝင်နေသည့် စားသုံးရန်မသင့်သည့် စိန်အမှတ်တံဆိပ်ပါ ငရုပ်ဆီ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ဦးဆောင်၍ မြို့နယ် အစားအသောက်နှင့် ဆေးဝါး ကွက်ကဲရေး (တာဝန်ခံ)၊ ကျန်းမာရေး ဝန်ထမ်းများ၊ နယ်မြေ ရဲတပ်ဖွဲ့၊ နယ်မြေ မီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပါဝင်သောအဖွဲ့သည် တပ်တောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးအတွင်း ရောင်းချနေသော စားသောက်ကုန် အရောင်းဆိုင်(၂၇)ဆိုင်အား Benzoic Acid သတ်မှတ်ပမာဏ (100mg/kg)ထက် ကျော်လွန် ပါဝင်နေ၍ စားသုံးရန်မသင့်သည့် စိန်အမှတ်တံဆိပ်ပါ ငရုပ်ဆီများ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း