ရွှေပြည်သာ ဇန်နဝါရီ ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများ သို့ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာ ယနေ့နံနက်(၁၀)နာရီ အချိန်တွင် အမှတ်(၁၅)ရပ်ကွက်ရှိ အသက်(၁၈)နှစ်ပြည့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်င်ငံသားစီစစ်ရေး ကတ်ပြားများကို ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရွှေပြည်သာမြို့နယ်ရုံးတွင်လည်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကိုင်ဆောင်စို့ ဆောင်ပုဒ်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ )