မိုးနဲမြို့ လွိုင်လင်းကျေးရွာ၌ တန်ဖိုးမြှင့်စာသောက်ကုန် ထုတ်လုပ်နည်းသင်တန်းဖွင့်

မိုးနဲ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းကို ယ‌နေ့နံနက် ၁၀ နာရီ အချိန်က လွိုင်လင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်း/သားသင်တန်းသူများ (၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီစိုးနှင့် အဖွဲ့ဝင်များက သစ်သီးဝိုင်၊ ယိုမျိုးစုံ၊ ဖျော်ရည်မျိုးစုံ ထုတ်လုပ်နည်းများကို ရက်သတ္တပတ် တစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)