ကျိုက်မရော ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကိုကြိုတင် ကာကွယ်တားဆီး နိုင်ရေးအတွက်အသိပေးသတိပေးခြင်းများကို ပြည်သူများကျယ်ကျယ်သိရှိ နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ကနေ့စဉ် အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကိုယမန်နေ့ နေ့လည်၁နာရီက မြို့ပေါ်ရပ်ကွက်(၄)ခုတို့၌နှိုးဆော်ပေး လျက်ရှိသည်။
ထိုကဲ့သို့ပညာပေးနှိုးဆော်ရာ တွင်လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ မျိုးဇီဇပြောင်းလဲမှုအပေါ် ပြည်သူများအလေး ထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်း၊ သတိပေးခြင်းများကိုလှည်လည် နှိုးဆော်ပေးလျက် ရှိရာပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုများ အလိုက်အကြိမ်အရေတွက်အပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ဖြစ်ပွားမှုကိုလျော့နည်းကျဆင်း စေရန်နှင့်ထိန်းချုပ်ကာကွယ်နိုင်ရန်၊ လူစုလူဝေးနေရာ များသို့သွား လာခြင်းမှရှောင် ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်းနှာခေါင်းစည်း Mask ကိုစနစ်တကျမဖြစ် မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် လက်ကိုစနစ်တကျ မဖြစ်မနေတပ် ဆင်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်၂၀ကြာ စနစ်တကျ ဆေးကြောရန်၊ အသက်အရွယ်ကြီးသူများ၊ နာတာရှည် ရောဂါအခံရှိသူများ အားအထူးကရုစိုက်၍ ကာကွယ်ဆေး ထိုးနှံ ထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုပြည်သူများမှ ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)