တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

တောင်ပြိုလက်ဝဲ   ဇန်နဝါရီ  ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ‌မွန်းလွဲ နာရီအချိန်က တောင်ပြို လက်ဝဲမြို့ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်နှိုးဆော် ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ဆောင်ရွက်ရာသို့ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေး စခန်းတာဝန်ခံ ဒုတိယ မီးသတ်ဦးစီးမှူး ဦးကျော်စိုး ဦးဆောင်သောအဖွဲ့က ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မီးလောင်မှု၊ မီးလှန်မှုများ မဖြစ်ပွားစေရေး အထူးဂရုပြုကြရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးသတ် ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် နိုင်ရေးအတွက် မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်နှင့် မီးသတ်ဆေးဗူးများအား အိမ်တိုင်းတွင် အသင့် တပ်ဆင်ထားကြရန်နှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန် မိဘပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ ကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)