ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်‌ထောင်စုလူဦးရေစာရင်းများ ထုတ်ပေး နိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာ‌နေ ပြည်သူများထံသို့အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပုံပါကျင်မြို့၊ နားကောင်း မူးကျေးရွာ၊ အမှတ် (၁)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ပုံပါကျင်မြို့‌ ရှေ့တန်းရုံးတာဝန်ခံ လဝကမှူးဦးမြင့်မိုးနှင့် ဝန်ထမ်းများက နားကောင်းမူးကျေးရွာ၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့် ကျေးရွာနေပြည်သူ  (၅၃) ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး‌နိုင်ရေးအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ်အရောက်ရရှိ‌စေရေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ကာ ဆောင်ရွက် ပေးလျက်ရှိပြီး ကျန်ရှိ‌နေသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)