ကျောက်ဆည်၊ ဇန်နဝါရီ-၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေပဲတီစိမ်းသီးနှံ(၆၈၀၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
နွေပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် မင်းရဲ စိုက်ပျိုးရေပေးမြောင်း ရေသောက်စနစ်ဖြင့်(၁၂၃)ဧက၊ သင်းတွဲ စိုက်ပျိုးရေပေးမြောင်း ရေသောက်စနစ်ဖြင့်(၄၀)ဧက၊ နွားတက် စိုက်ပျိုးရေပေးမြောင်း ရေသောက်စနစ်ဖြင့်(၂၈၉)ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်း ပညာပေးစခန်းတွင် သင်းတွဲ စိုက်ပျိုးရေပေးမြောင်းရေသောက်စနစ်ဖြင့်(၂၅၇၅)ဧက၊ ငပြောင် စိုက်ပျိုးရေပေးမြောင်း ရေသောက်စနစ်ဖြင့် (၄၆၅) ဧက၊ ထုံးကြီး စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် နွားတက် စိုက်ပျိုးရေပေးမြောင်း ရေသောက်စနစ်ဖြင့် (၁၆၇၅)ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် တမုတ်စိုက်ပျိုးရေပေးမြောင်းရေသောက်စနစ်ဖြင့် (၃၁၄)ဧက၊ နွားတက်စိုက်ပျိုးရေပေးမြောင်းရေသောက်စနစ်ဖြင့် (၁၃၂၃)ဧက၊ စုစုပေါင်း (၆၈၀၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ နွေးပဲတီစိမ်းစိုက်ပျိုးရာတွင် စတင်စိုက်ပျိုးချိန်မှစတင်ကာ သီးနှံများအောင်မြင်သည်အထိ ရေအလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)