မိုင်းယောင်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီသည် ယမန်နေ့က မြို့နယ်အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် ကော်မတီဝင်တို့က အ.ထ.က(မိုင်းယောင်း)နှင့် အ.လ.က (တပ်တွင်း) ကျောင်းဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုနှင့် မြို့နယ်ဘောလုံးကွင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ရာ သက်ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး လုပ်ငန်းခွင်အတွင်း အန္တရာယ် ကင်းရှင်းရေး၊ စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း