ညောင်ဦး ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ (၃၁၀၉၁၁) ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု (၈၈၅၃၀) ဦး၊ Sinopharm ဒုတိယအကြိမ် (၅၀၃၂၀) ဦး၊ Sinovac ပထမအကြိမ် (၃၇၃၀) ဦး၊ Sinovac ဒုတိယအကြိမ်ထိုးပေးနိုင်မှု (၃၂၅၄) ဦး၊ စုစုပေါင်း (၁၄၅၈၃၄) ဦး ထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု (၉၅၁၉၁)ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု (၆၀၂၄၇) ဦး၊ Sinovac ပထမအကြိမ်ထိုးပေးနိုင်မှု(၅၂၉၄) ဦး၊ Sinovac ဒုတိယအကြိမ် (၄၃၄၅)ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ပေါင်း (၁၆၅၀၇၇) ဦး ညောင်ဦး၊ ကျောက်ပန်း တောင်း ပေါင်း (၃၁၀၉၁၁) ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ကိုထိန်၊KPD