မတ္တရာ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက် ၁၆ နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မတ္တရာမြို့နယ်ဦးစီးမှူရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က စက်ထိပ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးစန်းနောင်တို့မှ သွားရောက်ကြည့်ရှုခဲ့ပြီး ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာဆောင်များအား ပြည်သူများ ဖြန့်ဝေပေးခဲ့သည်။
မတ္တရာမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် မေလ ၃ ရက်နေ့မှစတင်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ၃(က) ၄၂၅၊ ၆(က) ၆၈၂၁နှင့် အိမ်ထောင်စုလူဦးရေစာရင်း( ၅၁၄ ) စုတို့အား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)