ညောင်ဦး ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ ၉၃၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျန်းမာရေးဝန်ကြီး ဌာန၊ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းချုံးကျင်းပသွားမည်ဖြစ်ကြောင်း အာနန္ဒာဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးမျိုးညွန့်ထံက သိရသည်။
အာနန္ဒာဘုရားကြီး၏ ၉၃၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁၂ရက် နေ့မှ ဇန်နဝါရီ ၁၆ရက်နေ့(ငါးရက်တိတိ)အသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အာနန္ဒာဘုရားကြီးရင်ပြင်၌ ပုဂံဒေသခံ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းသပိတ်လုံးများ ဆက်ကပ်လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း သိရပြီး ရပ်ဝေးရပ်နီးမှ အာနန္ဒာဘုရားကြီး၏ ၉၃၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အချိန်မီ ပေးပို့လှူဒါန်းနိုင်ကြောင်းနှင့် လူကိုယ်တိုင်လည်း ဆွမ်းသပိတ်လုံးများ ကပ်လှူပူဇော်နိုင်ကြောင်း သိရသည်။
ကိုထိန်၊KPD