တောင်ပြိုလက်ဝဲ ဇန်နဝါရီလ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်း အခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။
အခမ်းအနားတွင် တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိသောင်း မှ အဖွင့်အမှာစကားပြောကြားရာ ကျောင်း သား/သူ များ အား ကျောင်းကျန်းမာရေးပညာပေးနှင့် ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်ရခြင်းသည် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပုံမှန် တက် ရောက်နိုင်ရေးတို့ အတွက်ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်စန်းစန်းမြင့်အောင် ကကျောင်းသူ / သား များအား ကျန်းမာရေးပညာပေး ဟောပြောရခြင်းသည် ကျောင်းသား / သူများ မိမိ ကိုယ်တိုင် အခြေခံကျန်းမာရေး လိုအပ်ချက်များအား သိရှိစေခြင်း နှင့် ကျန်းမာရေးစစ်ဆေးခြင်း များ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား / သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး ကျောင်းကျန်းမာရေးပညာပေးဟောပြောပွဲ နှင့် ကျန်းမာရေးစစ်ဆေးခြင်း အခမ်း အနားသို့ ကျောင်းဆရာ / မ များ နှင့် ကျောင်းသား/သူ စုစုပေါင်း(၅၀)ဦး တို့တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)