ပျဉ်းမနား ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပျဉ်းမနားမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာမ ခင်လေး(ပြည်ထောင်စုနယ်မြေ)ရေးသားသည့် အပြစ်ကင်းသန့်တဲ့ချစ်ခြင်းရနံ့နှင့် အခြားဝတ္ထုတို များ စာအုပ်အား စာရေးသူနှင့်အတူ စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးမျိုးသန့်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်လေး (ပြည်ထောင်စုနယ်မြေ)၏ ကိုယ်ရေးအကျဉ်းနှင့် စာအုပ်ပါ ရသစာပေဆိုင်ရာ အရေး အဖွဲ့ များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာပေဝါသနာရှင်များက "အပြစ်ကင်းသန့်တဲ့ချစ်ခြင်းရနံ့နှင့်အခြားဝတ္ထုတိုများ စာအုပ်"ပါ အကြောင်းအရာများနှင့် ပတ်သက်သည့် အတွေးအမြင်များကို အသီးသီးဆွေးနွေးကြရာ စာရေးသူ ခင်လေး (ပြည်ထောင် စုနယ်မြေ)က ဆွေးနွေးမှုများအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် ပျဉ်းမနားမြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်လှူဒါန်ပွဲကိုကျင်းပရာ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် မေချို(ပျည်းမနား)က ၎င်းကိုယ်တိုင်ရေး သားသည့် မြသီတာဂုဏ်ယူလျက်ပါနှင့် ဘ၀အတွေ့အကြုံ ဇတ်လမ်းအဖုံဖုံ စာအုပ်(၁၀)အုပ်၊ မြန်မာကိုမြန်မာတို့သိစေချင်နှင့်အခြားဆောင်းပါးများ စာအုပ်(၁၀)အုပ် စုစုပေါင်း စာအုပ် (၂၀) အုပ် တန်ဖိုးငွေကျပ် (၈၅၀၀၀)ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းလွင်က လက်ခံရယူသည်။
ပျဉ်းမနား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့အနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာရေးသူ/စာပေ ဝါသနာရှင်များပူပေါင်း၍ စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်းကျော်(ပြန်/ဆက်)