ရမ်းဗြဲ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်၁၀နာရီ အချိန်က ရမ်းဗြဲမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ပုလုပ်တောင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးခင်မောင်ပါ ဝန်ထမ်း(၅)ဦး မှ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ လဝကမှူး ဦးခင်မောင်မှ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီမှူးရုံးမှကွင်းဆင်း ဆောင်ရွက်ပေးနေမှုများ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။
အဆိုပါ ပန်းခင်းစီမံချက်ဆောင်ပုဒ်ဖြစ်သည့် ‘လူမှုဘဝပြည်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီအိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားကတ်ပြားများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ပြုလုပ်လျက် ရှိကြကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)