ကျိုင်းတုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ကျိုင်းတုံ ဇန်နဝါရီ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က နမ့်လီနမ့်လုံကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာနေ ပြည်သူ များထံ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့်နှင့် ဝန်ထမ်းများက  ပန်းခင်းစီမံချက်ဖြင့် နမ့်လီနမ့်လုံကျေးရွာ အုပ်စု၊ နမ့်ခင်ကျေးရွာရှိ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ ၂၉ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ ၁၁၂ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ပျက်မိတ္တူ ဆောင်ရွက်သူ ၁၂ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ် ဆောင်ရွက်သူ ၅ ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားသူ အိမ်ထောင်စု ၈ စု၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား  ၁၅၉ ခုနှင့် အိမ်ထောင်စု လူဦးရေးစာရင် ၈ စောင်တို့အား ပြည်သူ များလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)