ကမာရွတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိ သူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ်(၇) ရပ်ကွက်​​ရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့် သန့်ရှင်း​ရေးဌာနတွင် နေထိုင်​သော ဝန်ထမ်းမျာနှင့် မိသားစုဝင်များမှ အသက်(၁၈) ပြည့်ပြီး နိုင်ငံ​ရေးကတ်ပြား မရှိသူများ၊ ​ပျောက်ဆုံးသူများကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး​နေမှုကို ယ​နေ့​ နံနက်ပိုင်းအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်က မာရွတ်မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့် သန်ရှင်း​ရေးဌာနရုံးတွင် ဝန်ထမ်းများမှ​​ ဆောင်ရွက်ပြုလုပ်​ပေးလျက်ရှိပြီးကြပြီး လိုအပ်​သော အချက်အလက် အ​ထောက်အထားများကိုလည်း ပြည်သူများ သိရှိနိုင်​ရေး ရှင်းလင်းညှိနှိုင်း ပူး​ပေါင်းဆောင်ရွက်​ပေးခဲ့သည်။

အလားတူ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်ရှိ​သော ရပ်ကွက်များသို့ နယ်လှည့်ကွင်ဆင်း၍ ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရှိရသည်။

စိမ်းလဲ့(ပြန်ဆက်)