မိုင်းဖြတ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး Hand speakerဖြင့် အသိပေးနှိုးဆော်

မိုင်းဖြတ်   ဇန်နဝါရီ    ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်​ရေး အသိ​ပေးနှိုးဆော်ခြင်းကို ယ​နေ့ နံနက်ပိုင်းက မာကာကျေးရွာနှင့် ​ပါညုကျေးရွာတို့၌ ရှမ်းဘာသာဖြင့်  အသိ​ပေးနှိုး​ဆော်ခဲ့သည်။

ထိုသို့ အသိ​ပေးနှိုး​ဆော်ရာတွင် မြို့နယ်ပြ၈န်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရှောလမွန်နှင့် ဝန်ထမ်းများ၊   ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron)​ရောဂါ ကူးစက်မှုသည် ရက်ပိုင်းအတွင်း ​နိုင်ငံအ​ရေအတွက် များပြား လာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉​ရောဂါနှင့် လုံးဝမတူ​တော့ခြင်း၊ ယခင် ကိုဗစ်-၁၉​ရောဂါ ကူးစက်ခံရသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ​ရောဂါကူးစက်မှုမြန်ဆန်ခြင်း တို့ကိုရှမ်းဘာသာဖြင့် အသိ​ပေးနိုး​ဆော်ခဲ့သည်။

 ထို့​နောက် ​ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးနည်းလမ်းများဖြစ်သည့် လူစုလူဝေးရှောင်ရှား​ခြင်း၊ နေအိမ်အပြင်သို့ထွက်ပါက နှာ​ခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်​ခြင်း၊ လက်ကို မကြာခဏဆ ေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှနေထိုင်စကား​ပြောခြင်းစသည့် ​နည်းလမ်း များကို အသိ​ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သန်းထွန်း​အေး